ဘယ်လ်ဂျီယံအသင်းဟာ နိုဝင်ဘာ ၁၅ ရက် ညပိုင်းက ကာဇက်စတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန်ခြေစစ် ပွဲစဉ်မှာ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။
ကာဇက်စတန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်း တို့ပွဲစဉ်မှာ ကာဇက်စတန်အသင်းက ပထမပိုင်းပွဲ ကစားချိန် ၉ မိနစ်မှာ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဘယ်လ်ဂျီယံအသင်းက ဒုတိယပိုင်းပွဲကစားချိန် ၄၈ မိနစ်မှာ ချေပဂိုးပြန်လည်ရရှိခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံအသင်းအနေနဲ့ ကာဇက်စတန်အသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားဝင်ခွင့် တစ်နေရာရရှိမှာဖြစ်ပေမယ့် သရေတစ်မှတ်သာရရှိခဲ့လို့ လက်ကျန်ပွဲစဉ်အနိုင်ရဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့် ခုနစ်ပွဲကစားပြီးချိန်မှာ ရမှတ် ၁၅ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပေမယ့် လက်ကျန်ပွဲစဉ်အနိုင်ရမှ ကမ္ဘာ့ဖလားဝင်ခွင့်သေချာမှာ ဖြစ်ပါတယ်။
လက်ရှိ အုပ်စု (J )မှာ ဘယ်လ်ဂျီယံက ၁၅ မှတ်၊ မြောက်မက်ဆီဒိုးနီးယားက ၁၃ မှတ်၊ ဝေးလ်က ၁၃ မှတ်ရရှိထားတာကြောင့် လက်ကျန်ပွဲစဉ်မှာ အနိုင် ရတဲ့အသင်းက ကမ္ဘာ့ဖလားဝင်ခွင့်ရရှိမှာဖြစ်တာကြောင့် ဘယ်အသင်းကမ္ဘာ့ဖလားဝင်ခွင့်ရမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့အုပ်စုပဲ ဖြစ်ပါ တယ်။
အဲဒီအုပ်စုမှာ ကာဇက်စတန်အသင်းနဲ့ လီချန်စတိန်းအသင်းတို့ကတော့ ခြေစစ်ပွဲမပြီးဆုံးခင်မှာပဲ ကမ္ဘာ့ဖလားဝင်ခွင့် မျှော်လင့်ချက်အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
ငွေကြယ်


