၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မဲခွဲပွဲကို အမေရိကန်နိုင်ငံ၏ မြို့တော် ဝါရှင်တန်၌ ဒီဇင်ဘာ ၅ ရက်(သောကြာနေ့)မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အုပ်စုအဆင့် မဲခွဲရာမှာ အသင်းပေါင်း ၁၂ သင်းကို မဲအိုးတစ်အိုးဖြင့် မဲအိုးလေးအိုးထားကာ အုပ်စု တစ်အုပ်စီတိုင်းမှာ မဲအိုးတစ်အိုးစီမှ အသင်းတစ်သင်းသာ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ‌ကြောင့်  ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လေးသင်းတစ်အုပ်စုနဲ့ အုပ်စုပေါင်း ၁၂ အုပ်စုခွဲပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။

အမေရိကန်၊ မက္က‌ဆီကိုနဲ့ ကနေဒါတို့ကတော့ ပူးတွဲအိမ်ရှင်အသင်းတွေဖြစ်တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို အလိုအ‌လျောက် ဝင်ခွင့်ရရှိထားပြီးဖြစ်ပါတယ်။

နိုဝင်ဘာ  ၁၆  ရက်အထိကာလအတွင်း အာဖရိကဇုန်မှ အယ်လ်ဂျီးရီးယား၊ ကိတ်ဗာဒီ၊ အီဂျစ်၊ ဂါနာ၊ အိုင်ဗရီကို့စ်၊ မော်ရိုကို၊ ဆီနီဂေါ၊ တောင်အာဖရိက၊ တူနီးရှား၊ အာရှဇုန်မှ ဩစတြေးလျ၊ အီရန်၊ ဂျပန်၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား၊ ဥဇဘတ်ကစ္စတန်၊ ဥရောပဇုန်မှ အင်္ဂလန်၊ ပြင်သစ်၊ ခရိုအေးရှား၊ သမုဒ္ဒရာပိုင်းဇုန်မှ နယူးဇီလန်၊ တောင်အမေရိကဇုန်မှ အာဂျင်တီးနား၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပါရာဂွေး၊ ဥရုဂွေးတို့ဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိထားပြီဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို အရင်က အသင်းပေါင်း ၃၂ သင်းနဲ့ ကျင်းပခဲ့ရာမှ ယခု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကတော့ ကမ္ဘာတစ်ဝန်းမှ အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပမယ့် ပထမဆုံးပြိုင်ပွဲလည်း ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ မက္ကဆီကိုနိုင်ငံနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲကို ဇွန် ၁၁ ရက်မှဇူလိုင် ၁၉ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ငွေကြယ်