ရန်ကုန်     နိုဝင်ဘာ    ၁၆

နိုဝင်ဘာ ၁၈ ရက်တွင်  ယှဉ်ပြိုင်ကစားရမည့် ၂၀၂၇ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ်(၅)ဖြစ်သည့် အာဖဂန်နစ္စတန်အသင်းနှင့် မြန်မာအသင်းပွဲစဉ်ကို ကွင်းအခက်အခဲကြောင့် ရွှေ့ဆိုင်းလိုက်သည်။

အာဖဂန်နစ္စတန်အသင်းသည် အိမ်ကွင်းပွဲများကို  အာဖဂန်နစ္စတန်နိုင်ငံ၌ လက်ခံကျင်းပနိုင်ခြင်းမရှိသဖြင့်  အခြားနိုင်ငံများတွင် ကစားနေရပြီး ဆီးရီးယားအသင်းနှင့်ပွဲကို  ဆော်ဒီအာရေဗျနိုင်ငံ၊ ပါကစ္စတန်အသင်းနှင့်ပွဲကို ကူဝိတ်နိုင်ငံ၌ ကစားခဲ့ရပြီး  မြန်မာအသင်းနှင့်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကစားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကစားမည့်ကွင်းကို အချိန်ကပ်မှ အတည်ပြုနိုင်သည့်အပြင် သွားလာရေးကိစ္စရပ်များတွင် အခက်အခဲရှိသဖြင့် နိုဝင်ဘာ ၁၈ ရက်တွင် ကစားမည့်ပွဲအား ရွှေ့ဆိုင်းခဲ့ပြီး ၂၀၂၆ ခုနှစ် မတ်လမှသာ ပြန်လည်ကစားမည်ဖြစ်သည်။ မြန်မာအသင်းနှင့်   အာဖဂန်နစ္စတန် အသင်း ပထမအကျော့တွေ့ဆုံရာတွင် မြန်မာအသင်းက အိမ်ကွင်း၌ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-စိုးညွန့်သော်