ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ကားလို့စ် အယ်ကာရက်ဇ်သည် ATP Finals အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ကနေဒါတင်းနစ်အကျော်အမော် ဖီးလစ် အူဂါကို ၆-၂၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
ဖီးလစ်အူဂါသည် နိုဝင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့အဆင့် (၃) တင်းနစ်ကစားသမား အလက်ဇန်းဒါး ဇီဗာရက်ဗ်ကို အကြိတ်အနယ်ကစားကာ အနိုင်ယူကျော်ဖြတ် နိုင်ခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် အယ်ကာရက်ဇ်ကို ထပ်မံအနိုင်ယူကျော်ဖြတ်နိုင်စွမ်း မရှိသည့်အတွက် ဗိုလ်လုပွဲ တက်လှမ်းခွင့် လွဲချော်ခဲ့သည်။
အယ်ကာရက်ဇ်သည် ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်(၂)ရှိ အီတလီနာမည်ကြီး တင်းနစ်ကစားသမား ဂျန်းနစ်ခ်ဆင်းနားနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဆင်းနားသည် ဆီမီးဖိုင်နယ်တွင် ဩစတြေးလျတင်းနစ်ကစားသမား အဲလက်ဒီမီနော်ကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာ ခြင်းဖြစ်သည်။
အယ်ကာရက်ဇ်သည် ယခုပြိုင်ပွဲမတိုင်မီ နောက်ဆုံးယှဉ်ပြိုင်ကစားထားသည့် ဂျပန်အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြိုင်ဘက်ကိုအနိုင်ယူကာ ဖလားဆွတ်ခူးထားသည်။ အယ်ကာရက်ဇ်နှင့် ဆင်းနားတို့၏ ယခုအကြိမ်တွေ့ဆုံမှုသည် ယခုနှစ်အတွင်း ခြောက်ကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။
မိုးဇက် - ရေးသားသည်


