မြိတ် နိုဝင်ဘာ ၁၆

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် မိုးစပါး ၂၂၂၂၉၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး မိုးစပါးရိတ်သိမ်းမှုအနေဖြင့် အောက်တိုဘာလမှ စတင်ကာ ရိတ်သိမ်းနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၂၂၂၃၉၆ ဧက၊ တစ်ဧကအထွက်နှုန်း ၇၃ ဒသမ ၂၀ တင်းထွက်ရှိခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါး စိုက်ဧက ၂၂၂၂၉၁ ဧက စိုက်ပျိုးခဲ့နိုင်ခဲ့ကာ အောက်တိုဘာလ တတိယပတ်မှစတင် ရိတ်သိမ်းလျက်ရှိသည်။

 

ယခုအခါ ရင့်မှည့်စပါးခင်းများတွင် အချိန်တိုအတွင်း ရိတ်သိမ်းနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနနှင့် ချိတ်ဆက်ပေးကာ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ဆောင်ရွက်စေခြင်း၊ ရိတ်သိမ်းပြီးစပါးများအား အမိုးအကာအောက်သို့ အမြန်ဆုံးသယ်ယူအခြောက်ခံနိုင်ရန် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ရှိ အခြောက်ခံစက်များတွင် အခြောက်ခံစေခြင်းနှင့် မိုးရွာသွန်းပါက အကျိုးဆောင်တောင်သူများ၏ ရိတ်သိမ်းဆဲသီးနှံများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရန် သတိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ပညာပေးဆောင်ရွက်လျက်ရှိသည်။

 

မိုးစပါးရိတ်သိမ်းအပြီးတွင်လည်း ဆောင်းသီးနှံအဖြစ် နှမ်း ဧက ၉၆၀၊ နေကြာ ၂၁၉ ဧက၊ မြေပဲ ၁၀ ဧက၊ အစေ့ထုတ်ပြောင်း ဧက ၁၅၀ နှင့် အခြားစားဖိုဆောင်သီးနှံများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)