ဘီးလင်း နိုဝင်ဘာ ၁၇
မွန်ပြည်နယ် ဘီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား နေကြာမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်းသီးနှံနေကြာ မျိုးစေ့ထုပ်များ ပေးအပ်ခြင်းကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်က အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဦးက ဆောင်းသီးနှံနေကြာမျိုးစေ့ထုပ်များ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာ ၁၄ ရွာ၊ လျာထားဧက ၁၀၀၀ အတွက် နေကြာမျိုးစေ့ထုပ် ၁၈၀ ကို တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


