မြဝတီ နိုဝင်ဘာ ၁၇
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
စစ်ဆေးဆောင်ရွက်
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြဝတီခရိုင် မီးသတ်ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်၊ ဦးစီးအရာရှိ ဦးကျော်ဇင်ဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက PTT Station စက်သုံးဆီ အရောင်းဆိုင်၊ Petro Seven စက်သုံးဆီအရောင်းဆိုင်၊ စံဆဲ စက်သုံးဆီအရောင်းဆိုင်၊ စီးတီး စက်သုံးဆီအရောင်းဆိုင်များတွင် ထားရှိရမည့် မီးသတ်ဆေးဘူးများ စစ်ဆေးခြင်း၊ အရေးပေါ် မီးငြှိမ်းသတ်ပိုက်များ အရန်သင့်ထားရှိမှု ရှိ/မရှိနှင့် ရှိပြီးသားပစ္စည်းများကို စနစ်တကျ သုံးစွဲနိုင်ရန် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


