တနင်္သာရီ နိုဝင်ဘာ ၁၇

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် အထက(တနင်္သာရီ) ပညာရတနာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဇေယျာမိုးက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ အမျိုးအစားများ၊ မီးခိုးမြူငွေ့ဆိုးကျိုးများ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များနှင့် သစ်တောထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုးပြုစုခြင်းနည်းစနစ်များကိုဟောပြောပြီး မီးခိုး မြူငွေ့လျှော့ချရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သီသီခိုင်(တနင်္သာရီ)