တောင်ငူ နိုဝင်ဘာ ၁၇
တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပညာရေးဌာနနှင့်ပူးပေါင်း၍ တောင်ငူမြို့ အထက(၁)တွင် ပညာသင်ကြားနေသော KG ကျောင်းသား ကျောင်းသူများအား ယနေ့နံနက်ပိုင်းက ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင် ဦးဆောင်၍ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ကို အဆိုပါကျောင်းရှိ KG ကျောင်းသား ကျောင်းသူ ၃၈ ဦးအား အဏုအာဟာရမှုန့်များ ထည့်သွင်းကျွေးမွေးခြင်း၊ ကျန်းမာရေး ပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တောင်ငူမြို့နယ် မိခင်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


