အုတ်တွင်း နိုဝင်ဘာ ၁၇

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာ တောင်သူ ဒေါ်ခင်အေး၏ စိုက်ဧက သုံးဧကရှိ လယ်မြေတွင် ဆင်းသုခမျိုး မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

တက်ရောက်

အဆိုပါ အခမ်းအနားသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ မြို့နယ်စိုက်ပျိုးရေး/ မွေးမြူရေး ကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း၊ မိုးစပါးများရိတ်သိမ်းရာတွင် တစ်ဧက အထွက်နှုန်း အစိုတင်း ၁၄၀၊ အခြောက်တင်း ၁၃၀ ထွက်ရှိကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)