နေပြည်တော်   နိုဝင်ဘာ  ၁၈

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ  စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

(၃၃)ကြိမ်မြောက်   အာဆီယံနိုင်ငံ  တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက် မှ ၂၇ ရက်အထိအာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သေနတ်ပစ်အသင်းများဖြင့် ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲတွင်   မြန်မာ့တပ်မတော်မှ   ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊    စက်​သေနတ်အသင်း၊ ပစ္စတို အမျိုးသားအသင်းနှင့် ပစ္စတိုအမျိုးသမီးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ လိုက်ပါသွားကြကြောင်း သိရသည်။    

သတင်းစဉ်