ဒေးဒရဲ     နိုဝင်ဘာ     ၁၈

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်၌  ကျောင်းသားကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများအား ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ထုတ်ပေးလျက်ရှိသည်။

ကြိုတင်ဆန္ဒမဲလက်မှတ်ထုတ်ပေးရာတွင်  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းက မြို့နယ်အတွင်းမှ အခြားမြို့နယ်များရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ  ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင် ဆန္ဒမဲများပေးနိုင်ရန် နိုဝင်ဘာ ၁၇ မှ  ၂၁ ရက်အထိ နံနက်၉ နာရီမှ ညနေ ၄ နာရီခွဲအထိ မဲရုံများ  ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး မဲလက်မှတ်များ လုံခြုံစွာထုပ်ပိုးသိမ်းဆည်းနိုင်ရေးနှင့် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများအား စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။                                   

အေဇာလင်း