အုတ်တွင်း နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးလမ်းရပ်ကွက် အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် အကြံပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ စစ်ဆေးရာတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများထားရှိစေရေးနှင့် မီးသတ်ဆေးဘူးများ ထားရှိစေရေး၊ မီးဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားပေးရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


