နိုဝင်ဘာ ၂၀

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် သေဆုံးသူ ၁၆ ဦး ရှိလာပြီး အခြား ငါးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်နှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ယနေ့တွင်ပြောကြားသည်။

အဆိုပါသဘာဝဘေးကြောင့်နေအိမ်အလုံးပေါင်း ၄၃၂၀၀  ကျော် ရေလွှမ်းမိုးခံရပြီး အခြားနေအိမ်  ၉၁ လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုရေကြီးရေလျှံမှုကြောင့် စပါးနှင့် သီးနှံစိုက်မြေဟက်တာ ၁၀၀၀၀ ကျော် နစ်မြုပ်ခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၆၅၀၀ ကျော် ရေစီးနှင့်မျောပါသွားကြောင်း ဖော်ပြထားသည်။

အိမ်ထောင်စုပေါင်း ၅၅၃၂၀၀  ကျော် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနှင့်ဆက်လက်ရင်ဆိုင်နေရသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို