နေပြည်တော် နိုဝင်ဘာ ၂၀
၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု G ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ရာ နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီတွင် မြန်မာ U-17 အမျိုးသားဘောလုံး အသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှစတင်၍ MRTV HD Channel၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
MRTV


