ပုသိမ် နိုဝင်ဘာ ၂၀
(၃၆)နှစ်မြောက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်အထိမ်းအမှတ် “ကမ္ဘာ့ ကလေးများနေ့” အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြသည်။
(၃၆)နှစ်မြောက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သည့် မှတ်တမ်းဗီဒီယိုနှင့် ပုသိမ်မူလတန်း ကြိုကျောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၏ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ ပုသိမ်ကလေး ပြုစုရေးဌာန မူလတန်းကြိုကျောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် မူလတန်းကြိုကျောင်းနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ္ဘာ့ကလေးများနေ့အကြို စာစီ စာကုံး ပြိုင်ပွဲ အခြေခံပညာအထက်တန်း အဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများနှင့် ကပြဖျော်ဖြေသည့် ရင်သွေးငယ်များအား ဂုဏ်ပြုလက်ဆောင် များကိုလည်းကောင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ် ရေးအဖွဲ့ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ကမ္ဘာ့ကလေးများနေ့ အကြို စာစီစာကုံးပြိုင်ပွဲ အခြေခံပညာ အလယ်တန်းအဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများနှင့် ကပြဖျော်ဖြေသည့်ရင်သွေးငယ်များအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


