ဖနောင်ပင်  နိုဝင်ဘာ  ၂၀

ကမ္ဘောဒီးယားနိုင်ငံအလယ်ပိုင်း ကမ်ပွန်သွမ်ပြည်နယ်၌ နိုဝင်ဘာ ၂၀ ရက်အစောပိုင်းက ဘတ်စ်ကားတစ်စီး တံတားလက်ရန်းကို တိုက်မိပြီး  မြစ်အတွင်းသို့ ထိုးကျမှုဖြစ်ပွားသဖြင့် ၁၃ ဦးသေဆုံးကာ ၂၄ ဦး ဒဏ်ရာရရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၌  ဒေသစံတော်ချိန်   နံနက်  ၃ နာရီခန့်က ဆန်တခ်ခရိုင် အမျိုးသားလမ်းမပေါ်၌ ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဆန်တခ်ခရိုင် ဒုရဲမှူး ဆစ်ဖ် ဆိုဗန်နာက ပြောကြားသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းကြောင့်   အမျိုးသမီး   ရှစ်ဦး အပါအဝင် ၁၃ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း၊ အိပ်ငိုက်၍ ယာဉ်မောင်းနှင်ခြင်းသည် ယာဉ်မတော်တဆမှုဖြစ်ပွားနိုင်ခြေအများဆုံးဖြစ်ကြောင်း ဆိုဗန်နာက ဖုန်းဖြင့် ဆင်ဟွာသို့ ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၌  ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှုန်းမှာ မြင့်မားနေဆဲဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၁၀၆၂ ဦးခန့် သေဆုံးကာ ၂၂၅၆ ဦး ဒဏ်ရာရရှိကြောင်း အစိုးရ၏ အစီရင်ခံစာအရ သိရသည်။                               

ဆင်ဟွာ