ရန်ကုန် နိုဝင်ဘာ ၂၃

 

အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးက စက်ရုံများအရောက် Mobile Training bus ဖြင့် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းမှ စတင်ကာ စက်ရုံလေးရုံတွင် ကွင်းဆင်းလှည့်လည်ကာ အသိပညာပေး ဆွေးနွေးသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၂၀၁၆ ခုနှစ်၊ အခကြေးငွေ ပေးချေရေး ဥပဒေတို့ပါ အလုပ်သမားများ၏ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို East Star Machinery Trading Co.,Ltd ပလတ်စတစ် ပစ္စည်းစက်ရုံ၊ VFC (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံ၊ NKM Apparel Co.,Ltd အထည်ချုပ် စက်ရုံ၊ Sep Forest Craft (Myanmar) Co.,Ltd အထည်ချုပ် စက်ရုံတို့တွင် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေမျိုးအောင်(ဒဂုံတောင်)