မော်လမြိုင် နိုဝင်ဘာ ၂၃
မွန်ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် ပင ကျေးရွာ ပငစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား ဦးအောင်သိန်း၏ လယ်မြေ ၅ ဒသမ ၈၅ ဧကတွင် ဂျပန်ဝါထွန်းစပါးများ ရိတ်သိမ်းမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပငစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတွင် အသင်းသားတောင်သူ ၃၇ ဦးရှိရာ မိုးစပါး ၃၄၂ ဧက စိုက်ပျိုးထားရှိ၍ အသင်းသားတောင်သူများအနေဖြင့် စပါးစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင် လွယ်ကူချောမွေ့စေရန် ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များ တစ်ဆက်တည်း စိုက်ပျိုးနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေးတို့အတွက် ညွှန်ကြားရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


