ဆိုးလ်   နိုဝင်ဘာ   ၂၃

တောင်ကိုရီးယားနိုင်ငံ ဂေယောင်ဂီပြည်နယ်ရှိ ကတ်ထူပုံးထုတ်လုပ်ရေးစက်ရုံတွင် နိုဝင်ဘာ ၂၃ ရက်က မီးလောင်မှုဖြစ်ရာ လုပ်သားတစ်ဦး သေဆုံးကြောင်း သိရသည်။

မီးလောင်မှုဖြစ်ရာနေရာမှ  မီးတောက်များ ပတ်ဝန်းကျင်သို့ ကူးစက်နိုင်ကြောင်း တာဝန်ရှိသူများက သတ်မှတ်ခဲ့ပြီး မီးသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်   ၁၁၀  ကို   မီးငြှိမ်းသတ်ရေး ဆောင်ရွက်ရန် စေလွှတ်ခဲ့သည်။

လုပ်သားတစ်ဦး မီးလောင်ရာနေရာတွင် ပိတ်မိနေကြောင်း သိရှိရပြီး ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စက်ရုံဒုတိယထပ်တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။

၎င်းသေဆုံးခဲ့သည့်လုပ်သားသည် စားသောက်ခန်းတွင် အခြားလုပ်သားများနှင့်အတူ စားသောက်နေရာမှ မီးလောင်ချိန်တွင် ထွက်ပြေးခြင်းမပြုနိုင်ခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ