လှိုင်းဘွဲ ၁၈ မတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရေဘုတ်ဆည်ရေးလှောင်တမံမှရေးများဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ် နွေစပါးရာသီတွင် နွေစပါးဧက ၁၉၃၇၄ စိုက်ပျိုးရန် လျာထားခဲ့ပြီး ရေဘုတ်ဆည် ရေသောက်မြစ် ဧရိယာအတွင်း တောင်သူများ စိုက်ပျိုးသည့် ဧက ၁၅၅၀ အထိ စိုက်ပျိုးရေများအား ပေးဝေစိုက်ပျိုးနိုင်ကြောင်းကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
၂၀၁၈-၂၀၁၉ ခုနှစ် နွေစပါးရာသီအတွက် ရေပေးဝေရာတွင် ထီလုံကျေးရွာ၊ သမ္မာန်ကျေးရွာ၊ နောင်သငဲ့ကျေးရွာ၊ သပုထိုကျေးရွာများရှိ တောင်သူများ စိုက်ပျိုးထားသော ရေသောက်မြစ် ဧရိယာအတွင်း နွေစပါး (၂၉၄)ဧကအား ရေဘုတ်ဆည်မှတစ်ဆင့် ရေပေးဝေနိုင်ခဲ့မှုကြောင့် ယခင်နှစ်များထက် စပါးများ ပိုမိုအောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။
ဒေသခံတောင်သူများ အနေဖြင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရေဘုတ်ဆည် ရေလှောင်တမံ တည်ရှိနေမှုကြောင့် စိုက်ပျိုးရေအတွက် ပူပန်မှုမရှိစေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိပြီး ကရင်ပြည်နယ်အနေဖြင့် နွေစပါးကွင်းပိတ်စိုက်ပျိုးမှု ၁၁၄၀၅၄ ဧကအား အောင်မြင်စွာစိုက်ပျိုးပြီးစီးကြောင်းကို ပြည်နယ်ဦးစီးမှူးထံမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


