ကွာလာလမ်ပူ  နိုဝင်ဘာ  ၂၃

မလေးရှားနိုင်ငံ၌  ရေကြီးမှုကြောင့်  လူပေါင်း   ၅၀၀၀  ကျော်   အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အဆိုးရွားဆုံး ထိခိုက်ခဲ့ရသည့်နေရာမှာ မြောက်ပိုင်းဒေသ ကီလန်တန်ပြည်နယ်တွင်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည်။

ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းမှုကို ကြုံတွေ့ခဲ့ရသော ကီလန်တန်ပြည်နယ်တွင် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရသူ ၅၁၄၂ ဦးရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၂၆ ခုတွင် ဖွင့်လှစ်ထားရသည်။ အိမ်နီးချင်း တီရန်ဂါနူးပြည်နယ်တွင်လည်း ဒေသစံတော်ချိန် ညနေ ၃ နာရီအထိ ရေကြီးမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သူ ၅၂၈ ဦးရှိကြောင်း မလေးရှားနိုင်ငံ၏ လူမှုဖူလုံရေးဌာနက ပြောကြားသည်။                                                            

ဆင်ဟွာ