မိုင်းဆတ်   ၁၈   မတ် 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့် လှစ်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးအထောက်အကူပြု သင်တန်းဆင်းပွဲကို မတ် ၁၇ ရက် ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါက်တာစောထက်ဝင်းတို့က သင်တန်းဆင်း အမှာစကား ပြောကြားသည်။


အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စုများမှ သင်တန်းသား ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် ကျွဲ၊ နွား ကူးစက်ရောဂါများအကြောင်း၊ ကြက်၊ ဝက်တို့တွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကာကွယ်ကုသနည်းများ၊ မွေးမြူရေး နည်းစနစ်များနှင့် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို စာတွေ့လက်တွေ့ (၅)ရက်ကြာသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


သန်းဇော်(ပြန်/ဆက်)