ပေါလ်ပေါ့ဂ်ဘာသည် လီဂူးဝမ်း ပွဲစဉ်(၁၃)အဖြစ် မိုနာကိုက ရင်းနက်စ်ကို လေးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အတွင်း လူစားလဲဝင်ရောက်ပြီး မြက်ခင်းစိမ်းပေါ် တစ်ကျော့ပြန် ပြန်လည်ခြေချခွင့်ရရှိခဲ့သည်။ 

ယင်းမှာ နှစ်နှစ်ကျော်အတွင်း ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝကို တစ်ကျော့ပြန် ပြန်လည်စတင်ခြင်းလည်း ဖြစ်သည်။ အသက် ၃၂ နှစ်အရွယ် မိုနာကိုကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ပွဲကစားချိန်  ၈၅  မိနစ်တွင် ကူလီဘာလီ၏   နေရာကို  လူစားလဲဝင်ရောက်ကစား ခဲ့ခြင်းဖြစ်သည်။

ပေါ့ဂ်ဘာသည် တားမြစ်ဆေးသုံးစွဲမှုကြောင့် လေးနှစ်ကြာ ပွဲကစားခွင့်ပိတ်ပင်ထားမှုကို အားကစားခုံရုံးက ၁၉ လသို့ လျှော့ပေါ့‌ပေးခဲ့ပြီးနောက် ပြီးခဲ့သည့် နွေရာသီတွင် လီဂူးဝမ်းကလပ် မိုနာကိုအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

မိုးဇက်-ရေးသားသည်