မိတ္ထီလာ ၁၈ မတ် 


မိတ္ထီလာတွင် မြို့နယ်စာရေးဆရာအသင်းနှင့် ခရိုင်ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်စာရေးနည်းလမ်းညွှန်သင်တန်း (၄ /၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စတင်ဖွင့်လှစ်ကြောင်းသိရသည်။


အသင်းဥက္ကဋ္ဌ မောင်မဲတူ (စီမံကိန်း) နှင့် ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ငုချိုချိုကျော်တို့က အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာတင်သော် က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ 


အဆိုပါသင်တန်းတွင် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးရေးသားနည်းများကို မြို့နယ်စာရေးဆရာ အသင်းမှ စာရေးဆရာ၊ ကဗျာဆရာများက မတ် ၁၈ မှ ၂၄ အထိ သင်ကြားပို့ချမည်ဖြစ်ပြီး ဒေသခံစာပေဝါသနာရှင်များတက်ရောက်ကြောင်း သိရသည်။ 


ချမ်းသာ (မိတ္ထီလာ)