ကျောက်တံခါး နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနက မြို့ချောင်းကျေးရွာ အခြေခံ ပညာ အထက်တန်းကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ် သည်။
ဟောပြောပွဲတွင် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသော်မွှန်းကိုက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောသည်။
ပေးအပ်လှူဒါန်း
ထို့နောက် မြို့နယ်သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေကာ ဗလာစာအုပ်၊ ဘောပင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


