ပဲခူး နိုဝင်ဘာ  ၂၆

ပဲခူးတိုင်းဒေသကြီး    သဲကုန်း မြို့နယ်အတွင်း   ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်    သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ   (မြေပဲ)စိုက်ပျိုးရန်အတွက် အသင်းသားများ ပိုင်ဆိုင်သောစိုက်ခင်းတွင် တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်း နှင့်ညီမျှသော  ဆင်းပဒေသာ ၁၁ ဗီယက်နမ်မျိုးသွင်းအားစုများကို သမဝါယမအသင်းသား တောင်သူများအား ပံ့ပိုးဆောင်ရွက်ပေးထား သည့် အခြေခံသမဝါယမအသင်း ခြောက်သင်း၊  အသင်းသား တောင်သူ ၇၂ ဦး၏ ဆောင်းဆီ ထွက်သီးနှံ(မြေပဲ) စိုက်ဧက ၁၀၀၀ အနက်မှ ကြက်တိုက်ကျေးရွာ လပြည့်ဝန်းစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ   ဦးလင်းဇော်၏ မြေပဲစိုက်ခင်း၌ အသင်းသား ၁၂ ဦး  စိုက်ဧက  ၁၄၀  တွင် မြေပဲစိုက်ပျိုးထားမှုကို  မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌတို့က ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။        

သတင်းစဉ်