စစ်တွေ နိုဝင်ဘာ ၂၇

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် (၁၀/၂၀၂၅) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေအကျဉ်းထောင်နှင့် ကျောက်ဖြူ အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၁၆ ဦး လွတ်မြောက်ကြောင်း သိရသည်။

 

ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသားခုနစ်ဦး၊ အကျဉ်းသူတစ်ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသားငါးဦး၊ အကျဉ်းသူသုံးဦး စုစုပေါင်း အကျဉ်းသား အကျဉ်းသူ ၁၆ ဦး လွတ်မြောက်ကြောင်း သိရသည်။

 

အဆိုပါ လွတ်မြောက်လာသူများအား   မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများက ပျော်ရွှင်စွာ ကြိုဆိုကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)