ရန်ကုန် နိုဝင်ဘာ ၂၇
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဘောလုံး အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲနှစ်ခုစလုံးမှ ကမ္ဘောဒီးယားအသင်း နုတ်ထွက်ခဲ့သည်။
အုပ်စုအပြောင်းအလဲပြုလုပ်
ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် ကမ္ဘောဒီးယားအသင်း နုတ်ထွက်ခဲ့သဖြင့် ကိုးသင်းသာကျန်ရှိတော့ပြီး အုပ်စု(A)တွင် အိမ်ရှင်ထိုင်းနှင့် တီမောနှစ်သင်းသာ ကျန်ရှိသည်။ ထို့ကြောင့် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုအပြောင်းအလဲ ပြုလုပ်ရမည်ဖြစ်သည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင်မူ ကမ္ဘောဒီးယားအသင်းနုတ်ထွက်ခဲ့သဖြင့် အုပ်စု (A)တွင် ထိုင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှားသုံးသင်းသာ ကျန်ရှိသည်။
ပွဲစဉ်ရေးဆွဲထားမှုအရ အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်မှ ၁၈ ရက်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ရှိုင်းထက်ဇော်


