​တောင်ငူ နိုဝင်ဘာ ၂၉

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အားကစားကွင်း၌ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် တောင်ငူမြို့ ဒေသခံပြည်သူများက ဒီဇင်ဘာအားကစားလ အကြိုလမ်းလျှောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းနှင့် Physical Fitness Dance အားကစားလှုပ်ရှားဆောင်ရွက်မှုများဖြင့် စည်ကားလျက်ရှိသည်။

 

အဆိုပါ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလအကြို လူထုလှုပ်ရှားမှုဆောင်ရွက်ရာတွင် တောင်ငူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် သူနာပြုသင်တန်းကျောင်း (တောင်ငူ) တို့ ပူးပေါင်း၍ကျောင်းသားကျောင်းသူ ၇၀ က Physical Fitness Dance လှုပ်ရှားဆောင်ရွက်ခြင်း၊ လူကြီး၊ လူရွယ်၊ လူငယ်များက လမ်းလျှောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)