နေပြည်တော် မတ် ၁၈
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော POSCO Daewoo Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ် A-1 နှင့် A-3 တို့တွင် Seabed Survey လုပ်ငန်းများအား Survey Vessel “ MV.PACIFIC RAPIER” (Call Sign : 9V5943) ရေယာဉ်ဖြင့်Point A. မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၂၈ ဒသမ ၃၃ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၁ မိနစ် ၀၈ ဒသမ ၁၈ စက္ကန့်၊ Point B. မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၄ မိနစ် ၃၈ ဒသမ ၅၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၅ မိနစ် ၂၃ ဒသမ ၆၈ စက္ကန့်၊ Point C. မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀ မိနစ် ၄၉ ဒသမ ၂၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၃ မိနစ် ၂၆ ဒသမ ၄၃ စက္ကန့်၊ Point D. မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၃ မိနစ် ၄၁ ဒသမ ၂၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄၃ မိနစ် ၂၁ ဒသမ ၃၀ စက္ကန့်၊ Point E. မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၂ မိနစ် ၃၁ ဒသမ ၂၉ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၉ မိနစ် ၄၈ ဒသမ ၂၈ စက္ကန့်တွင် (၂၇.၃.၂၀၁၉)ရက်နေ့မှ (၁၂.၄.၂၀၁၉) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ (၂၇.၃.၂၀၁၉)ရက်နေ့မှ (၁၂.၄.၂၀၁၉)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေ =စဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ် သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။
(သတင်းစဉ်)


