နေပြည်တော် ၁၈ မတ်
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော PTTEP International Limited သည် 18” Export Pipeline တစ်လျှောက် Subsea Inspection လုပ်ငန်းများအား MV.MEO RESOLUTION (Call Sign : JZPL) ရေယာဉ်ဖြင့် Pipeline Start Point (ZPQ). မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၂၇ ဒသမ ၇၁ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၂ မိနစ် ၄၇ ဒသမ ၀၃ စက္ကန့်၊ End Point. မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၇ မိနစ် ၀၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၄ မိနစ် ၀၀ စက္ကန့် တွင် (၁၁.၄.၂၀၁၉)ရက်နေ့မှ (၂၆.၄.၂၀၁၉) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ (၁၁.၄.၂၀၁၉)ရက်နေ့မှ (၂၆.၄.၂၀၁၉) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေ စဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ ပိုက်လိုင်းတစ်လျှောက် ဘေး ဘယ်/ညာ မီတာ ၅၀၀ အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။
(သတင်းစဉ်)


