လိုင်လင်းပီ  ၁၈ မတ်    
          
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ပြည်သူများအတွက် ကျန်းမာရေးဌာနမှ ဆေးစိမ်ခြင်ထောင်များကို ယနေ့နံနက်ပိုင်းက လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနတွင် အခမဲ့ဖြန့်ဝေ ပေးကြသည်။

ဆေးစိမ်ခြင်ထောင်များကို အိမ်ထောင်စုဇယားရှိ လူဦးရေအလိုက် ဖြန့်ဝေပေးခြင်းဖြစ်ပြီး လူ(၁)ဦးမှ (၃)ဦးအထိရှိသည့် အိမ်ထောင်စုများကို ခြင်ထောင်တစ်ထည်၊ (၃)ဦးမှ (၅)ဦးအထိအိမ်ထောင်စုများကို  (၂)ထည်၊ (၆)ဦးမှ (၉)ဦးအထိရှိသည့် အိမ်ထောင်စုများကို(၃)ထည်နှုန်းနှင့် (၁၀)ဦးနှင့် အထက်အိမ်ထောင်စုများကို (၃)ထည်နှုန်းဖြန့်ဝေပေးကြသည်။
 
အဆိုပါ ဆေးစိမ်ခြင်ထောင်များကို ဌာနဆိုင်ရာရုံးများနှင့် လိုင်လင်းပီမြို့ရှိ အိမ်ထောင်စုပေါင်း (၄၀ဝ)ကျော်အား ဆေးစိမ်ခြင်ထောင်အထည်စုစုပေါင်း (၁၃၂၀) ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN