ပေါင် နိုဝင်ဘာ ၃၀
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဗဟိုမှ ကြီးမှူးကျင်းပသည့် (၇၆)ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာဗုဒ္ဓဝင်စာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်က ပေါင်မြို့နယ် စာစစ်ဌာန လေးခု၌ ဖြေဆိုကြသည်။
(၃၈) ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာ ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများဖြစ်ကြသည့် အထက ပေါင်၊ အထက ဇင်းကျိုက်၊ အထက နတ်ကြီးချောင်၊ အထက အဟောက်ကျောင်းတို့မှ ကျောင်းသား ကျောင်းသူ အကြီးတန်း ၅၀၊ အလတ်တန်း ၂၄၄ ဦး၊ အငယ်တန်း ၁၂၂၃ ဦး စုစုပေါင်း ၁၅၉၅ ဦးတို့က တစ်ပြိုင်နက်ဖြေဆိုခဲ့ကြသည်။
မွန်မလေး(ပြန်/ဆက်)


