ငပုတော နိုဝင်ဘာ ၃၀
ငပုတောမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲစာရင်းတွင် အမည်ပါရှိစေရေးစသည့် လုပ်ငန်းစဉ်များကို မြေပြင်တိုက်ဆိုင်စစ်ဆေးမှုကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဝင်းသိန်း၊ ခရိုင်ဦးစီးမှူး ဦးအောင်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့က မြေပြင်ရှိအိမ်များသို့ နေ့စဉ်ကွင်းဆင်းစစ်ဆေးပြီး ကျန်ရှိသူများရှိပါက ပုံစံ ၃၊ ပြင်ဆင်ပယ်ဖျက်ခြင်းများရှိပါက ပုံစံ ၄ များဖြင့် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)


