မက္ကဆီကိုစီးတီး နိုဝင်ဘာ ၃၀
မက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဟိုင်ဒယ်ဂိုပြည်နယ် တူလာမြို့ရှိ ကလပ်တစ်ခု၌ နိုဝင်ဘာ ၂၉ ရက် အစောပိုင်းက လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် ခြောက်ဦးထက်မနည်းသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိ ကြောင်း ဒေသဆိုင်ရာမီဒီယာက ထုတ်ပြန်ထားသည်။
မက္ကဆီကိုနိုင်ငံ၌ သေနတ်သမားများက ကလပ်တစ်ခုကို ဝင်ရောက်ကာ ပစ်ခတ်ခဲ့သောကြောင့် အခင်းဖြစ်ပွားရာနေရာတွင် လေးဦးသေဆုံးပြီး နှစ်ဦးမှာ အနီးအနားရှိ ဆေးရုံ၌ သေဆုံးသွားကြောင်း မက္ကဆီကိုရုပ်သံ တယ်လီဗီဆာက ထုတ်ပြန်ထားသည်။ ယင်းပစ်ခတ်မှုကြောင့် သေဆုံးသူ စုစုပေါင်းမှာ တိုးလာနိုင်ကြောင်း၊ ဒဏ်ရာရရှိသူများမှာလည်း စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း အခြားသတင်းများက ဖော်ပြထားသည်။
ယခုအချိန်အထိ ပစ်ခတ်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးပေ။ ရဲတပ်ဖွဲ့နှင့် အမျိုးသားအစောင့် တပ်အရာရှိများက တိုက်ခိုက်သူများကို ရှာဖွေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ


