ရန်ကုန် ဒီဇင်ဘာ ၁
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဦးကြည်လွင်၊ နည်းပြချုပ်- ယုကီတက်ဆုရို(ဂျပန်)၊ လက်ထောက်နည်းပြ- ဒေါ်သက်သက်ဝင်း၊ ဒေါ်စန်းစန်းသိန်း၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြ- ဦးစိန်အေး၊ အားကစားသမားများအဖြစ် ဂိုးသမား-မျိုးမြမြငြိမ်း (သစ္စာအားမာန်)၊ ဇူးလတ်နဒီ(အား/ကာသိပ္ပံ)၊ အိစန္ဒာဇော်(ဧရာဝတီ)၊ နောက်တန်း-ဇွန်ယုယဦး (ဧရာဝတီ)၊ ဖြူဖွေး(ရန်ကုန်ယူနိုက်တက်)၊ ယုယုနိုင်(ရန်ကုန်ယူနိုက်တက်)၊ လင်းလဲ့ဦး (အား/ကာ သိပ္ပံ)၊ သန်းသန်းနွယ်(အား/ကာသိပ္ပံ)၊ နှင်းပွင့်အေး(အား/ကာသိပ္ပံ)၊ မေသက်မွန်မြင့် (သစ္စာအားမာန်)၊ အလယ်တန်း-လင်းမြင့်မိုရ် (အား/ကာသိပ္ပံ)၊ ဖြူဖြူဝင်း(ဧရာဝတီ)၊ နော်ထက်ထက်ဝေ (ဧရာဝတီ)၊ ခင်မိုမိုထွန်း (သစ္စာအားမာန်)၊ ဝင်းဝင်း(သစ္စာအားမာန်)၊ ရွှေရည်ထွန်း(အား/ကာသိပ္ပံ)၊ ခင်မာလာ ထွန်း(အား/ကာသိပ္ပံ)၊ ရူပါခိုင်(ရှမ်းယူနိုက်တက်)၊ ယွန်းဝတီလှိုင်(ရန်ကုန်ယူနိုက်တက်)၊ ရှေ့တန်း-ဝင်းသိင်္ဂီထွန်း(ဆာဘား-မလေးရှား)၊ စန်းသော်သော်(ဧရာဝတီ)၊ မြတ်နိုးခင်(သစ္စာအားမာန်)၊ မေထက်လူ (SFVFC-အမေရိကန်)တို့ ပါဝင်ကြသည်။
ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု(A)တွင် အိမ်ရှင်ထိုင်း၊ တီမော၊ အင်ဒိုနီးရှား၊ အုပ်စု(B)တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် မလေးရှား အသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် ဖိလစ်ပိုင် အသင်း၊ ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားအသင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF


