ကင်ရှာဆာ ဒီဇင်ဘာ ၁
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နောက်ဆုံးအကြိမ် အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှု အဆုံးသတ်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။
ကူးစက်ဖြစ်ပွားမှုကွင်းဆက်ကို ရပ်တန့်လိုက်နိုင်ပြီဖြစ်ကြောင်းနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ (၁၆)ကြိမ်မြောက် အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံ၏ မြို့တော် ကင်ရှာဆာမြို့၌ ပြုလုပ်သော အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီး ရော်ဂျာကမ်ဘာက ပြောသည်။
၁၉၇၆ ခုနှစ် နောက်ပိုင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အလယ်ပိုင်း ကာစိုင်းပြည်နယ်၌ (၁၆)ကြိမ်မြောက် အီဘိုလာရောဂါကူးစက်ဖြစ်ပွားကြောင်း စက်တင်ဘာ ၄ ရက်တွင် အစိုးရက အတည်ပြုခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် မျောက်ကျောက်၊ ကာလဝမ်းနှင့် ဝက်သက်ရောဂါတို့ တစ်ပြိုင်နက်ဖြစ်ပွားချိန်တွင် အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှု ထပ်မံပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ယခင်အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှုမှာ နိုင်ငံအရှေ့ပိုင်း မြောက်ကီဗူပြည်နယ်တွင် ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ


