ဟင်္သာတ ဒီဇင်ဘာ ၂

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယားမြို့အမှတ် (၃)ရပ်ကွက်ရှိ တောင်သူ ဦးကြည်စိုး၏ လယ်မြေ သုံးဧက၌ ဒီဇင်ဘာ ၂ ရက်က ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ပျိုးပွဲပြုလုပ်သည်။

 

အဆိုပါ နေကြာစံပြကွက် စိုက်ပျိုးပွဲတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေတို့ ဦးဆောင်ကာ နေကြာစံပြကွက်စိုက်ပျိုးပွဲ တက်ရောက်လာသူများနှင့် ဒေသခံတောင်သူများ စုပေါင်း၍ ရေဆင်း စပ်မျိုး(၁)၊ ဆီထွက်သီးနှံ ဆောင်းနေကြာအား အစေ့ချစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)