ဓနုဖြူ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုဝင်ဘာလအတွင်း ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ကတ်ပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက်ရှိ ဘန်ဂါလီစွန်နီဂျာဗလီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ပြည်သူစုစုပေါင်း ၄၀ အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)


