နေပြည်တော် ဒီဇင်ဘာ ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း သုခပညာခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက လယ်ဝေးခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လယ်ဝေး ခရိုင်ဥပဒေရုံးတို့နှင့် ပူးပေါင်း၍ ကျင်းပသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ခရိုင် ဥပဒေအရာရှိ ဒေါ်စန်းယုခိုင်က “ကလေးသူငယ်အလုပ်သမားနှင့် စပ်လျဉ်း၍ ဥပဒေအသိပညာပေးခြင်း”၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက “လူငယ်နှင့်စာဖတ်ခြင်း”နှင့် လယ်ဝေးခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေသွယ် က လူငယ်နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်း၊ ပလတ်စတစ် ညစ်ညမ်းမှုနှင့် စွန့်ပစ်ပစ္စည်း(အမှိုက်) ဆိုင်ရာ အကြောင်းအရာများကို ဟောပြော ဆွေးနွေးကြသည်။
ထို့နောက် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူများက ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


