ရန်ကုန် ဒီဇင်ဘာ ၂
မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် အထက်မြန်မာပြည် ဂေါက်သီးအားကစားအဖွဲ့ချုပ် ဆပ်ကော်မတီက ကြီးမှူးကျင်းပသည့် Amateur Open 2025 ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့နှင့် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက မန္တလေးမြို့ရှိ ရွှေမန်းတောင်ဂေါက်ကွင်း၌ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ အထက်မြန်မာပြည် ဂေါက်သီးအဖွဲ့ချုပ် ဆပ်ကော်မတီမှတာဝန်ရှိသူများနှင့် ရွှေမန်းတောင် ဂေါက်ကွင်းတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဒုတိယဥက္ကဋ္ဌ ဦးလှမြင့်ရွှေ၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အထက်မြန်မာပြည် ဂေါက်သီးအားကစားအဖွဲ့ချုပ် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်ကိုကို၊ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးထွန်းထွန်းဦး၊ ဦးစိုး၊ ဦးအေးကိုတို့က အလှည့်ကျဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်သည်။ ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် အမျိုးသား ၂၀၈ ဦး၊ အမျိုးသမီး ၈၀ စုစုပေါင်း ၂၈၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒီဇင်ဘာ ၂ ရက်မှ ၄ ရက် အထိ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။
သတင်း - ချစ်ကိုကို
ဓာတ်ပုံ - MG


