ပေကျင်း ဒီဇင်ဘာ ၂
ပြင်းထန်သည့် အအေးလှိုင်းသည် တရုတ်နိုင်ငံတစ်ဝန်း ဆက်လက်ဖြန့်ကြက် လွှမ်းခြုံထားသဖြင့် ဒီဇင်ဘာ ၂ ရက်တွင် အအေးလှိုင်းနှင့် လေပြင်းတိုက်ခတ်မှုများအတွက် အပြာရောင်သတိပေးချက်ဆိုင်ရာ နောက်ဆုံးပြင်ဆင်ဖော်ပြချက်ကို တရုတ်မိုးလေဝသအာဏာပိုင်များက ဖော်ပြခဲ့သည်။
အအေးလှိုင်းသည် နိုင်ငံမြောက်ပိုင်းဒေသများကို လွှမ်းခြုံလျက်ရှိပြီး တောင်ဘက်အထိ ဆက်လက်လွှမ်းခြုံဖြန့်ကြက်နိုင်သည်ဟု အမျိုးသားမိုးလေဝသဌာန မိုးလေဝသခန့်မှန်းရေး အရာရှိချုပ် ယန်ရှုနန်က ပြောသည်။
မွန်ဂိုလီးယားအတွင်းပိုင်းကဲ့သို့သော အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် သိသာသည့် အပူချိန်လျော့နည်းမှုများဖြစ်ပွားကာ ၆ ဒီဂရီမှ ၁၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပြီး အချို့ဒေသများတွင် အပူချိန် ၁၂ ဒီဂရီ ဆဲလ်စီးယပ်စ်မှ ၁၄ ဒီဂရီဆဲလ်စီး ယပ်စ်အထိ ရုတ်တရက်ကျဆင်းခဲ့သည်ဟု ယန်က ပြောသည်။
အအေးလှိုင်းသည် နိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ရွေ့လျားသွားမည်ဖြစ်ပြီး ယင်းဒေသများတွင် အပူချိန်ကျဆင်းမှုများဖြစ်ပေါ်နိုင်သည်။
အအေးလှိုင်းသည် ဒီဇင်ဘာ ၄ ရက်အထိ ဆက်လက်တည်ရှိနေမည်ဖြစ်သောကြောင့် သက်ဆိုင်ရာ ဒေသခံပြည်သူများကို နွေးနွေးထွေးထွေးနေထိုင်ကြရန်နှင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန် အကြံပြုထားသည်။
တရုတ်နိုင်ငံတွင် မိုးလေဝသဆိုင်ရာ သတိပေးချက်စနစ်ကို အရောင်ဖြင့် ခွဲခြားသတ်မှတ်ထားသော အဆင့်လေးဆင့်ရှိပြီး အနီရောင်အဆင့်မှာ အပြင်းထန်ဆုံးဖြစ်သည်။ ထို့နောက် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ဖြစ်သည်။
ဆင်ဟွာ


