နယူးဒေလီ ဒီဇင်ဘာ ၂
အာဏာပိုင်များက ဗုံးခြိမ်းခြောက်မှုတစ်ခု လက်ခံရရှိပြီးနောက် ကူဝိတ်မှ အိန္ဒိယနိုင်ငံမြို့တော် ဟိုင်ဒြာဘတ်သို့ ပျံသန်းပြေးဆွဲနေသော အင်ဒီဂိုလေကြောင်းလိုင်းသည် ဒီဇင်ဘာ ၂ ရက်တွင် အိန္ဒိယစီးပွားရေးမြို့တော် မွမ်ဘိုင်း၌ အရေးပေါ်ဆင်းသက်ခဲ့ရသည်။
လေယာဉ်ပေါ်တွင် ခန္ဓာကိုယ်၌ ဗုံးတပ်ဆင်ထားသူလိုက်ပါလာကြောင်း အီးမေးလ်သတိပေးချက်တစ်ခုကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရရှိပြီးနောက် လေယာဉ်ကို လမ်းကြောင်းပြောင်း ပျံသန်းစေခဲ့ပြီး အနီးဆုံးမွမ်ဘိုင်းလေဆိပ်သို့ ဆင်းသက်စေခဲ့ခြင်းဖြစ်သည်။
မွမ်ဘိုင်းလေဆိပ်သို့ ဆင်းသက်ပြီးမကြာမီ လေယာဉ်ကို လေဆိပ်ရှိ သီးခြားနေရာတစ်ခုတွင် ရပ်တန့်စေခဲ့ပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လေယာဉ်ပေါ်တွင် မည်သည့်မသင်္ကာစရာမျှ မတွေ့ရှိခဲ့သည့်အတွက် ဗုံးခြိမ်းခြောက်မှုကို နောက်ပြောင်လိမ်လည်မှုတစ်ခုအဖြစ် တာဝန်ရှိသူများက မှတ်ယူခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ လေကြောင်းလိုင်းနှင့် လေဆိပ်များက လက်ခံရရှိခဲ့သည့် ဗုံးခြိမ်းခြောက်ခေါ်ဆိုမှု အကြိမ်အရေအတွက် စုစုပေါင်း (၉၉၉) ကြိမ်ရှိခဲ့ကြောင်း တရားဝင် သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။
လွန်ခဲ့သောနှစ် ဇွန်လတွင် အိန္ဒိယနိုင်ငံ၏ အရပ်ဘက်လေကြောင်း လုံခြုံရေးအဖွဲ့သည် ယင်းကဲ့သို့ ခြိမ်းခြောက်မှုကျူးလွန်သူများကို ငါးနှစ်ကြာ လိုက်ပါစီးနင်းခွင့်ပိတ်ပင်ရန် အဆိုပြုခဲ့သည်။
ဆင်ဟွာ


