ရန်ကုန် ဒီဇင်ဘာ ၃

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း ဝိုင်အမ်ဘီအေ (ဗဟို)က မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းခံရသော မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၏ ဩဝါဒ ဆရာတော်ကြီး လေးပါးအား ထပ်ဆင့် ဂုဏ်ပြုပူဇော်ခြင်းနှင့် ဂုဏဝိသိဋ္ဌ မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီက (၂) ရပ်ကွက် အာသာဝတီ ပရိယတ္တိသာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းခံရသော မြောက်ဥက္ကလာပမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ဇလွန်ကျောင်း ဆရာတော်၊ ဓမ္မိဿရကျောင်း ဆရာတော်၊ သာသနပါလကျောင်း ဆရာတော်၊ အောင်မေတ္တာဝါဒီကျောင်း ဆရာတော်ကြီးတို့အား တာဝန်ရှိသူများက ဘွဲ့လက်မှတ်နှင့် တံဆိပ်တော်များ ဆက်လက် လှူဒါန်းခဲ့ကြပြီး ဆရာတော် အရှင်သူမြတ်များအား အလှူရှင်များက နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ဆက်ကပ်လောင်းလှူ

ယင်းနောက်မင်္ဂလာဆိုင်ရာဘွဲ့ တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းခံရသော မြောက်ဥက္ကလာပ မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ဆရာတော်ကြီး လေးပါး၊ ပင့်ဖိတ်ဆရာတော်ကြီး ငါးပါးတို့အား အလှူရှင်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)