သာယာဝတီ ဒီဇင်ဘာ ၃

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အခြေခံ ပညာစာသင်ကျောင်းများ၊ လူစည်ကားရာနေရာများ၊ ရပ်ကွက်များ၊ ဈေးများ၊ ကားဂိတ်များတွင် ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ လက်ကမ်းစာစောင်တွင် “ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်း မရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့ စသည့်အကြောင်းအရာများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)