မင်းလှ ဒီဇင်ဘာ ၃

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်ရှိ စိုက်ပျိုး​ရေးဆေးဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို နိုဝင်ဘာ ၂၇ ရက်က​ ဆောင်ရွက်သည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းလှမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စိုးလင်း၏ ကြီးကြပ်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးယဉ်ငြိမ်းနှင့် တပ်ဖွဲ့ဝင်များက မင်းလှမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များအတွင်း မီးလောင်လွယ်သည့် ကုန်ပစ္စည်းများ သိုလှောင်ခြင်းမပြုရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ လုံလောက်စွာထားရှိရန်နှင့် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာရန် စစ်ဆေးအကြံပြုခဲ့ကြောင်း သိရသည်။

ကောင်းစစ်နိုင်