နေပြည်တော် ဒီဇင်ဘာ ၃
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ တပ်မတော်အရာရှိကြီးများနှင့် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးတို့သည် စင်မြင့်ထက်တွင် နေရာယူကြပြီး ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်းစီအား ပြန်တမ်းဝင် ခန့်အပ်လွှာများ ပေးအပ်သည်။
ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီး စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်


