ရန်ကုန် ဒီဇင်ဘာ ၃
(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းသည် ချောင်ဘူရီမြို့တွင် စတင်လေ့ကျင့်နေပြီ ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲကျင်းပမည့် ချောင်ဘူရီမြို့သို့ ဒီဇင်ဘာ ၂ ရက် တွင် ရောက်ရှိခဲ့ပြီး အမေရိကန်နိုင်ငံ၌ ကျောင်းတက်နေသဖြင့် ပြိုင်ပွဲအကြို လေ့ကျင့်ရေးခရီးစဉ်များတွင် မပူးပေါင်းနိုင်သည့် တိုက်စစ်မှူး မေထက်လူမှာလည်း ဒီဇင်ဘာ ၂ ရက်တွင် အသင်းနှင့် စတင်ပူးပေါင်းနေပြီဖြစ်သည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဒီဇင်ဘာ ၃ ရက်မှစ၍ ကစားသမားအစုံအလင် လေ့ကျင့်နေပြီဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ဒီဇင်ဘာ ၅ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် စတင်ကစားရမည်ဖြစ်ကာ ဆီမီးဖိုင်နယ်တက်ရောက်ရေး ယင်းပွဲမှာ အရေးပါလျက်ရှိသည်။
ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဦးကြည်လွင်၊ နည်းပြချုပ်- ယုကီတက်ဆုရို(ဂျပန်)၊ လ/ထနည်းပြ- ဒေါ်သက်သက်ဝင်း၊ ဒေါ်စန်းစန်းသိန်း၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြ- ဦးစိန်အေး၊ အားကစားသမားများအဖြစ် ဂိုးသမား-မျိုးမြမြငြိမ်း(သစ္စာအားမာန်)၊ ဇူးလတ်နဒီ(အား/ကာသိပ္ပံ)၊ အိစန္ဒာဇော် (ဧရာဝတီ)၊ နောက်တန်း-ဇွန်ယုယဦး (ဧရာဝတီ)၊ ဖြူဖွေး(ရန်ကုန်ယူနိုက်တက်)၊ ယုယုနိုင်(ရန်ကုန်ယူနိုက်တက်)၊ လင်းလဲ့ဦး (အား/ကာ သိပ္ပံ)၊ သန်းသန်းနွယ်(အား/ကာသိပ္ပံ)၊ နှင်းပွင့်အေး(အား/ကာသိပ္ပံ)၊ မေသက်မွန်မြင့်(သစ္စာ အားမာန်)၊ အလယ်တန်း-လင်းမြင့်မိုရ် (အား/ကာသိပ္ပံ)၊ ဖြူဖြူဝင်း(ဧရာဝတီ)၊ နော်ထက်ထက်ဝေ (ဧရာဝတီ)၊ ခင်မိုမိုထွန်း(သစ္စာအားမာန်)၊ ဝင်းဝင်း(သစ္စာအားမာန်)၊ ရွှေရည်ထွန်း(အား/ကာသိပ္ပံ)၊ ခင်မာလာထွန်း(အား/ကာသိပ္ပံ)၊ ရူပါခိုင်(ရှမ်းယူနိုက်တက်)၊ ယွန်းဝတီလှိုင်(ရန်ကုန်ယူနိုက်တက်)၊ ရှေ့တန်း-ဝင်းသိင်္ဂီထွန်း(ဆာဘား-မလေးရှား)၊ စန်းသော်သော်(ဧရာဝတီ)၊ မြတ်နိုးခင်(သစ္စာအားမာန်)၊ မေထက်လူ (SFVFC-အမေရိကန်)တို့ ပါဝင်ကြသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF


