နေပြည်တော် ဒီဇင်ဘာ ၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် မစ္စတာဂျေမီနာ ဒယ်ရွိုက်အား ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိရေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် မိခင်သေဆုံးမှုလျှော့ချရေး လုပ်ငန်းများတွင် UNFPA က ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ၂၀၂၆ ခုနှစ်အတွင်း ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ UNFPA ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


